တာချီလိတ်ခရိုင်က ပျက်စီးလယ်ဧက ၃ဝဝ အတွက် ရွှေတူး ကုမ္ပဏီတွေ လျှော်ကြေးပေးမည်


2014.08.06
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ မိုင်းလင်းအနောက် ကျေးရွာအုပ်စု  နားဟိုင်းလုံကျေးရွာနဲ့ ဝိန်းမနော်ကျေးရွာတွေမှာ မိုင်းလင်းရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်အတွက် ကုမ္ပဏီ ၃ ခုက တစ်ဧကကို ငွေကျပ် ၆သိန်းကျော် လျော်ကြေးပေးမယ် လို့ သိရပါတယ်။

တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းရာမှာ ကုမ္ပဏီတွေဘက်က လျော်ကြေးပေးဖို့ ကတိပေးခဲ့တာဖြစ်ကြောင်း နားဟိုင်းလုံကျေးရွာ က ဒေသခံတောင်သူ မနန်းလာက အခုလိုပြောပါတယ်။

"ကျမတို့ ရွာသူရွာသားတွေ တောင်းဆိုတဲ့အချက် ၃ ချက်ပဲ ဦးတည်ပြီးတော့ ဆွေးနွေးသွားမယ်ရှင့်၊ အချက်တွေက သူတို့လုံးဝရပ်ဆိုင်းရမယ်၊ လယ်ယာမြေတွေကို လာပြုပြင်ပေးရမယ်ရှင့်၊ သူတို့လျှော်ကြေးပေးဖို့ အတွက် ဌာနဆိုင်ရာတွေ ကွင်းဆင်းပြီးတော့ စစ်ဆေးဦးမှာရှင့်၊ စစ်ဆေးတဲ့အချိန် ၁ဝ ရက် အတောအတွင်းမှာ သူတို့အပြီးစစ်ဆေးပြီး လျှော်ကြေးပေးမယ်ပြောပါတယ်"

တာလေမြို့နယ်က မိုင်းလင်းရွှေတူးဖော်ရေးမှာ လွိုင်ခမ်းလုံ၊ စိုင်းတစ်၊ ရွှေတောင်၊ စိုင်းစိုက်ပျိုးရေး ကုမ္ပဏီတွေက တာဝန်ယူလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီ ၄ ခုထဲက လွိုင်ခမ်းလုံ၊ ရွှေတောင်နဲ့ ‘စိုင်း’ စိုက်ပျိုးရေးကုမ္ပဏီတွေက လယ်ယာမြေဧက ၃၀၀ ကျော် အတွက် လျော်ကြေးပေးမှာဖြစ်သလို ပြန်လည် စိုက်ပျိုးလို့ရအောင် ပြုပြင်ပေးသွားမှာဖြစ်ပြီး ရွှေလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းပေးမယ်လို့ ကုမ္ပဏီတွေဘက်က ကတိပေးကြောင်း တောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။