ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားတွေရဲ့ ဥပဒေအကြံပေး ကိုဖိုးဖြူက အခုလိုပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာဖြစ်ခဲ့တဲ့ လုပ်ခလစာတိုးပေးရေး ဆန္ဒပြပွဲတွေမှာ အလုပ်သမားပဋိပက္ခ ဖြေရှင်းပေးတဲ့ မြို့နယ် ဝါဏိဇ္ဇခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် တိုင်းရုံးကို ဆက်လက်တင်ပြထားရာမှာ တိုင်းရုံးကလည်း အစိုးရရဲ့ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ဥပဒေအသစ် ထွက်မှာဖြစ်လို့ ဘာမှ မဆုံးဖြတ်ပေးနိုင်ဘူးလို့ ပြောလိုက်တဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြကြတာပါ။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အဲဒီနေရာကို ရောက်သွားတဲ့ RFA သတင်းထောက် ကိုမိုးသူအောင်ကို ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00
[ အသံဖိုင်ယူရန်။ ]