OIC ရုံးဖွင့်လှစ်မှု တောင်ကုတ်မှာ ဆန္ဒပြ

အစ္စလာမ်နိုင်ငံ (၅၇) နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်မယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်မှာ မနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2012-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒီဆန္ဒပြပွဲကို တောင်ကုတ်မြို့နယ် ရခိုင်လူငယ်ကွန်ယက်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး  အဓိက ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးစောဝင်းက RFA ကို အခုလို ပြောဆိုပါတယ်။

"OIC အလိုမရှိပေါ့ဗျာ။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာ သာသနိက အဆောက်အဦးတွေကို ဖျက်ဆီးတာ ရှုံ့ချတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆောင်ရွက်ပေးမယ့် နိုင်ငံတော် သမ္မတကြီးကို ထောက်ခံတယ်ပေါ့။"

ဒီဆန္ဒပြပွဲမှာ အာဏာပိုင်တွေဘက်က တရားဝင်ခွင့်ပြုထားတဲ့ လူဦးရေ ၂၀၀ အပြင်၊ မြို့ခံလူထု ထောင် နဲ့ ချီပြီး လိုက်ပါဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Pyay Heinn

"OIC အလိုမရှိ ဆိုတာကို အပြည့်အဝထောက်ခံပါသည်။ "OIC (Organization of the Islamic conference) တနည်း ပြောရယင် မှုစလင် အဖွဲ့အစည်းပေါ့၊ ဒီအဖွဲ့ အစည်းရဲ့လုပ်ဆောင် ချက်က ဘာတွေလည်း မေးစရာမလိုဘူး၊ အဲ့ဒီအဖွဲ့ အဓိကလုပ်ဆောင်ချက်က မှုစလင်များ လုံခြုံရေးနဲ့ သာယာဝပြေားရေး ဖြစ်တဲ့အတွက်၊ အဲ့ဒီ လုပ်ဆောင် ချက်တွေက ကိုယ့်နိုင်ငံမှာရှိပြီး ဖြစ်တဲ့အတွက်ကြောင့် OIC မြန်မာနိုင်ငံတွင် မလိုအပ်ပါဟု၊ပြောခြင်ပါသည်။

Oct 20, 2012 07:17 AM

အမည်မဖော်လိုသူ

နိုင်ငံတော်အစိုးရအနေဖြင့်ပြည်သူ့ဆန္ဒကိုလေးစားသင့်တယ်။ ပြည်သူသည်ဘခင်။ ပြည်သူသည်မိခင်။ ဒီမိုကရေစီအစိုးရသည် ပြည်သူမှရွေးကောက်တင်မြှောက်ထားသောအစိုးရမှန်လျှင်ပြည်သူကိုချစ်တဲ့အစိုးရတရပ်ဖြစ်နိုင်ကြပါစေ။

Oct 19, 2012 02:36 PM