ယာယီနိုင်ငံကူးလက်မှတ် ဘန်ကောက် မြန်မာသံရုံးမှာ သက်တမ်း တိုးနိုင်ပြီ

ထိုင်းနိုင်ငံကို ရောက်နေပြီး မကြာခင် သက်တမ်း ကုန်ဆုံးတော့မယ့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေရဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို ဘန်ကောက်ရှိ မြန်မာသံရုံး အပါအဝင် ရနောင်းရှိ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှာ သွားရောက် သက်တမ်း တိုးခွင့်ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။

2011.07.06
migrant_passport_305_z.jpg မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

၂၀၀၈ ခုနှစ်က ယာယီနိုင်ငံကူး လက်မှတ် စတင် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်နေသူတွေဟာ အခု ဇူလိုင်လမှာ သက်တမ်း ကုန်သွားတဲ့ နိုင်ငံကူး လက်မှတ် အတွက် နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးရာမှာ သွားလာရေး အဆင်ပြေအောင် အခုလို စင်တာ၂ ခု ဖွင့်ထားတာ ဖြစ်ကြောင်း ဘန်ကောက် မြန်မာ သံရုံးက ဝန်ထမ်း တဦးက ပြောပါတယ်။

ဒီလို သက်တမ်းတိုးဖို့ အတွက် ထိုင်းဘတ်ငွေ ၄၅၀ ကုန်ကျမှာ ဖြစ်ပါတယ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီးတော့ အလုပ်သမားတွေရဲ့ အသစ် လုပ်မယ့် နိုင်ငံကူး လက်မှတ် သက်တမ်းကိုတော့ ၆ နှစ် တခါတည်း ပေးမယ်လို့ မြန်မာ အစိုးရက ဆိုပါတယ်။

မြန်မာ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်နေသူ အရေအတွက်ဟာ ၅ သိန်း ဝန်းကျင်မှာ ရှိနေပြီး၊ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ခွင့် ရဖို့ လျှောက်ထားသူ အရေအတွက်ဟာ ၃ သိန်း ဝန်းကျင် ကျန်ရှိနေပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစလို့ ယခုလ ၁၄ ရက်နေ့ အထိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို မှတ်ပုံတင်ခွင့် ထိုင်းအစိုးရက ဖွင့်လှစ်ပေးခဲ့တဲ့ အတွက် ဒီအလုပ်သမားတွေ ဟာလည်း အလုပ်သမား ဘတ်လက်မှတ် ရရှိပြီးပြီဆိုရင် ယာယီ နိုင်ငံကူး လက်မှတ်ကို ဆက်လက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။