ထိုင်း အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း မြန်မာလေ့လာချင်

ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အကဲခတ် လေ့လာလိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဖို့ ထိုင်းနိုင်ငံရဲ့ အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
2012-08-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-sukumpol-suwanatat-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Sukumpol Suwanatat တွေ့ဆုံစဉ်။
Photo: Myanmar President Office

ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းဝန်ကြီးက မနေ့က ပြောပါတယ်။

မနေ့က ပြီးဆုံးတဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ပြည်ထောင်စုက သတ်မှတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုတဲ့ ကိစ္စတွေကို မြန်မာနိုင်ငံက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတဲ့အကြောင်း ထိုင်းကာကွယ်ရေး ၀န်ကြီးက ပြောကြားပါတယ်။

Cobra Gold ဟာ ထိုင်းနဲ့ အမေရိကန် နှစ်စဉ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မြန်မာက လေ့လာအကဲခတ်လို့ရအောင် ကြားက မေတ္တာရပ်ခံပေးဖို့ မြန်မာစစ်ဘက် အာဏာပိုင်တွေက ပြောတာဖြစ်ပြီး ထိုင်းကာကွယ်ရေး ၀န်ကြီးကလည်း အမေရိကန်စစ်တပ်ကို တင်ပြဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် သတင်းအချက် ဖလှယ်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနဘူရီ ခရိုင်တွေမှာ နယ်စပ်ဂိတ်သစ်သုံးခု အမြဲတမ်း ဖွင့်လှစ်နိုင်ရေးအတွက်လည်း မြန်မာဘက်က လက်ခံအောင် ကြိုးစားခဲ့တယ်လို့ ထိုင်းကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မြန်မာ-အမေရိကန် Infantry soldier

US soldiers from my Infantry unit was trained every year in Jungle of Thailand for the Cobra Gold joint military exercise> I was with them between 2001-2003. We had to stay 50Km away from Burma Thai borders. One time we stayed in underground bunkers for a month. The bunkers were located in the wooded mountains covered with big old trees.

Sep 17, 2012 12:31 AM