မြန်မာနိုင်ငံက လှေစီးရိုဟင်ဂျာ ၂ဝဝ ကျော် ထိုင်းတောင်ပိုင်း ကို ရောက်ရှိ


2013.09.12

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ဆိုပြီး စက်လှေဲ့ ထွက်လာကြတဲ့ ရိုဟင်ဂျာလူမျိုး ၂၁၉  ယောက်ကို စက်တင်ဘာ ၁၁ ရက်နေ့ မနေ့က မနက် ၁၁ နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စတွန်းခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်ို့  သိရပါတယ်။

ဒီရိုဟင်ဂျာလူမျိုးတွေဟာ စတွန်းခရိုင် ထုန့်မြို့နယ်အတွင်းက ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်တဲ့ ဟတ်ဒ်လားိုင်ကျေးရွာကို ရောက်လာချိန်မှာ ဒေသခံပြည်သူတွေရဲ့ အကြောင်းကြားှုကြောင့် နယ်မြေခံစစ်တပ်ဲ့ ရဲတပ်ဖွဲ့င်တွေပူးပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်ို့ ထိုင်းစစ်တပ်အရာရှိတစ်ဦးက RFA ကို ထိုင်းဘာသာဲ့ အခုလို ပြောဆိုပါတယ်။

ဟုတ်ပါတယ်၊ ရိုဟင်ဂျာလူမျိုး ၂၁၉  ယောက် လှေတွေဲ့ င်လာကြတာပါ။ သူို့ဟာ စက်လှေသုံးစီးဲ့ အတူတူခရီးထွက်လာကြတာ ပင်လယ်ြပင်မှာ လေပြင်းကြောင့် လှေတစ်စီးဲ့တစ်စီးကွဲသွား ကြပြီး ရှေ့ခရီးဆက်ို့မရတော့ဘဲ ထုန့်မြို့နယ်၊ ခွန်ခလမ်းကျေးရွာအုပ်စု၊ ဟတ်လားိုင်းရွာကို လှေတစ်စီးရောက်လာတာဖြစ်တယ်၊ အခုတော့ တာန်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေက အဲ့ဒီရိုဟင်ဂျာတွေကို လက်ခံထားပြီး အစိုးရတာန်ရှိသူတွေက ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်၊ သူတို့ကို ပြန်ပို့မှာပါ

ဒီရိုဟင်ဂျာလူမျိုးတွေဟာ အသက် ၁၄ နှစ်ကနေ အသက် ၂၅ နှစ်ခန့် အရွယ်တွေဖြစ်ကြပြီး ကျန်းမာရေးချို့တဲ့ပြီး နာမကျန်ဖြစ်နေသူတွေလည်း ပါင်တယ်ို့ သိရပါတယ်။ ရခိုင်ပြည်နယ် ဘယ်အရပ်ဒေသကလာကြတယ်ဆိုတာ အတိအကျမသိရပေဲ့ သူို့အလုပ်သွားလုပ်ချင်တဲ့ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်နိုင်ို့ ထိုင်းအာဏာပိုင်တွေက ပင်လယ်ပြင်အထိ ဆက်ို့ပေးသွားမှာဖြစ်တယ်ို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။