ထိုင်းကားမှောက် မြန်မာ တစ်ဦး သေဆုံး


2016.02.19

ထိုင်းနိုင်ငံမှာ ဖူးကက်ကနေ တာ့ခ်ခရိုင် မဲဆောက်ကိုပြန်လာတဲ့ မြန်မာအလုပ်သမား ၁၅ ယောက် စီးလာတဲ့မော်တော်ကား သောကြာနေ့ မနက်က တိမ်းမှောက်လို့ မြန်မာအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်နှစ်သားအရွယ် ကလေးတစ်ယောက်နဲ့ အမျိုးသား ၁၄ ယောက် ဒဏ်ရာရသွားတယ်လို့ ဗန်ကောက် ပို့စ်သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။

ကားမှောက်တဲ့နေရာဟာ ဗန်ကောက်မြို့အနားက Ban Pho ခရိုင်ထဲမှာဖြစ်ပြီး မနက် ၈ နာရီ လောက် မှာဖြစ်ခဲ့တာလို့ သက်ဆိုင်ရာရဲအရာရှိကပြောပါတယ်။ ကားဟာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားတာဖြစ်ပါတယ်။

ရဲအရာရှိတွေရဲ့ ပြောဆိုချက်အရ ယဉ်မောင်းအိပ်ငိုက်နေပြီး ကားကို အမြန်မောင်းနှင်ခဲ့တဲ့ အတွက်ကြောင့်ဖြစ် နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီယဉ်မောင်းကတော့ ရှင်သန်လွတ်မြောက် ခဲ့တယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။