ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ ရောက်မည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ လာမယ့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေမှာ ဖြစ်ကြောင်း Pheu Thai ပါတီ လွှတ်တော်အမတ် တစ်ဦးက မနေ့က ထုတ်ဖော် ပြောဆိုပါတယ်။
2012-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
thaksin-shinawatra-b305
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ
Photo: Wikipedia

အဲဒါကြောင့် Pheu Thai ပါတီ လွှတ်တော်အမတ်တွေနဲ့ ရှပ်နီထောက်ခံသူ အများအပြားဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံဖို့ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို အဖွဲ့တွေ အနေနဲ့ရော၊ တစ်ဦးချင်း အနေနဲ့ပါ သွားရောက်ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း လွှတ်တော်အမတ် မစ္စတာ ပင်ညိုက ပြောဆိုပါတယ်။

ဒါပေမဲ့ မစ္စတာ သက်ဆင် မြန်မာနိုင်ငံကို သွားရောက်မယ့် အကြောင်းရင်း ကိစ္စကိုတော့ မပြောဆိုခဲ့ပါဘူး။ မစ္စတာ သက်ဆင်ဟာ ၂၀၀၆ ခုနှစ် ပြည်ပကို ရောက်ရှိနေစဉ်အတွင်း စစ်တပ်က အာဏာသိမ်းလိုက်လို့ ပြည်ပြေးအဖြစ်နဲ့ နေထိုင်နေရပြီး အခုအခါ ဒူဘိုင်းနိုင်ငံမှာ နေထိုင်နေတယ်လို့ ယုံကြည်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာ ထိုင်း ဗဟိုတရားရုံးက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဏာ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ် (၂) နှစ် မျက်ကွယ်မှာ ချမှတ်ခဲ့ပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ခိုးဝင်တာ ဘယ်နှစ်ခေါက်လဲ?

Aug 29, 2012 08:28 AM

အမည်မဖော်လိုသူ

DON'T COME TO OUR COUNTRY

Aug 27, 2012 11:56 PM

ဦးစိုး

သက်ဆင်ဟာ ယခင်စစ်အစိုးရကိုအပြတ်ထောက်ခံပြီး မြန်မာနိုင်ငံသားတွေကို ယိုးဒယားတွေက ထင်သလိုအနိုင်ကျင့်ခေါင်းပုံဖြတ် နိုင်အောင်လုပ်ခဲ့သူပါ သူ့ကိုမြန်မာပြည်သားတွေလက်ခံရန်မသင့်ပါ

Aug 27, 2012 01:44 AM