ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်မှာ ရိုဟင်ဂျာ ပြဿနာဆွေးနွေး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာနဲ့  ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမာဆတ် တက္ကသိုလ်မှာ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-08-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့  ဒီမိုကရေစီရေးမှာ ရိုဟင်ဂျာတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့  သုံးသပ် ဆွေးနွေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မလဲ ဆိုတာကို အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း အစည်းအဝေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်သူ ၁၀၀ လောက်ရှိပြီး ထိုင်းလူ့အခွင့်ရေးအဖွဲ့ တွေဖြစ်တဲ့ Forum Asia, People Empowerment Foundation, လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့  human Rights Watch နဲ့  နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  AI  စတဲ့အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံးနဲ့ ဂျပန်နိုင်ငံ အခြေစိုက် ရခိုင် ရိုဟင်ဂျာအဖွဲ့ တို့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ထိုင်း လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အားလုံးအေးချမ်းရင်ကောင်းမယ်

Oct 28, 2012 09:07 AM

အောင် ကျော် စိုး ၉ မတရနိုင် ၀၀၁၀၅၄

ငြိမ်းအေးပြိးဘေးကင်းကြပါစေ မသိကြလို့သာ ကမ္ဘာ့ ဆွေမျိုးတွေ အသိတရားမရှိသူတွေရန်ဖြစ်တယ် အညိုးထားတယ် အသိပညာရှိသူတွေ ငြိမ်းချမ်းအောင်ကြံ တယ်ပြောတယ်လုပ်တယ်အလုံးစုံသောသတ္တဝါတွေဘေးကင်းစွာနေနိုင်ကြပါစေ

Oct 21, 2012 10:05 AM

မြနှောင်းညို

နေရပ်- အောင်ဆန်းမြို.

မြန်မာတိုင်းရင်းသားမဟုတ်သည့်အတွက်ရိုဟင်ဂျာဆိုသူများကို မြန်မာနိုင်ငံတွင်လက်ခံထားခြင်းမပြုမည့်အဆိုကိုထောက်ခံပါသည်။
လူသားချင်းစာနာထောက်ထားပြီးအကြံဥာဏ်ပေးလိုသည်မှာ သူတို့သည်တတိယနိုင်ငံသို့သွားပြီးနေစရာသတ်သတ်မှတ်မှတ် ထူထောင်ကြစေလိုပါသည်။

Sep 11, 2012 10:42 PM

မောင်မောင်

နေရပ်- မန်း

အကြမ်းဖက်လုပ်ရပ်ကိုအမြန်၇ပ်တန့်ပေးပါ အားလုံးသောရိုဟင်ဂျာနှင့်အစ်စလမ်ဘာသာဝင်များခင်ဗျားမြန်မာတွေဟာနေထိုင်ရာနိုင်ငံတိုင်းမှာပြသန်ာမရှိပါ။အိမ်ရှင်ကိုအမြဲကျေးဇူးတင်တတ်ကြပါတယ်။

Aug 22, 2012 11:29 AM

မျိုးမြင့်

နေရပ်- ချောက်

ရိုဟင်ဂျာတွေ...ကျေးဇူးပြုပြီး မင်းတို့တိုင်းပြည်ကိုပြန်သွားကြပါ...အကြမ်းဖက်လုပ်ရပ်တွေကိုရပ်တန့်ပေးပါ...

Aug 19, 2012 01:32 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.