ထိုင်းဝန်ကြီးချုပ် မြန်မာ့ရွေးကောက်ပွဲ ကိစ္စ ဆွေးနွေးမည်

ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva ဟာ အောက်တိုဘာ ၁၁ ရက် လာမဲ့အပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မှာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်း မြန်မာ့ရွေးကောက်ပွဲ ကိစ္စ အပါအဝင် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနဲ့ ကုန်သွယ် စီးပွားရေးကိစ္စတွေကိုရော ခရီးသွားလုပ်ငန်း ကိစ္စတွေကိုပါ တနေ့တာ ခရီးစဉ်အတွင်း သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

0:00 / 0:00

Abhisit ရဲ့ ခရီးစဉ်ဟာ ဝန်ကြီးချုပ်သစ်တယောက်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် လည်ပတ်တဲ့ ခရီးစဉ်မျိုး ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖြစ်လာချိန်ကတည်းက မစ္စတာ Abhisit အနေနဲ့ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခွင့်ရဖို့ အရင်က နှစ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မြန်မာစစ်အစိုးရဖက်က ငြင်းပယ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ ရှိတဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပြီး ညနေပိုင်းမှာ ရန်ကုန်မြို့ကတဆင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို ပြန်လည် ရောက်ရှိမယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Dr. Panithan Wattanayagorn က RFA ကို ပြောပါတယ်။

Dr. Panithan ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်