မိမိအကို သက်ဆင်နဲ့ မြန်မာနိုင်ငံကြားမှာ ကိုယ်ကျိုးစီးပွားအဆက်အစပ်တစ်ခုမှမရှိဘူးလို့လည်း မစ္စစ် ယင်းလတ်က ပြောပါတယ်။ မြန်မာနိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့သလားလို့ ထိုင်းနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်စပ်က ဝန်ကြီးချုပ် ယင်းလတ်ကို မေးတဲ့အတွက် အခုလို ပြန်လည်ဖြေဆိုတာပါ။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ နှမဖြစ်သူ မြန်မာနိုင်ငံ သွားတဲ့အခါ အစစအရာရာ အဆင်ပြေအောင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံ နေပြည်တော်ကိုသွားပြီး သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့နဲ့ တွေ့ခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ အစောပိုင်းက ပြောခဲ့ပါတယ်။
