
ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် CSW ရုံးကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ Benedict Rogers ဟာ အခု လုံခြုံတဲ့နေရာကို ရောက်နေပြီ ဖြစ်ပေမဲ့၊ သူနဲ့ တွေ့ဆုံခဲ့သူတွေကို စစ်အစိုးရက အန္တရာယ်ပေးမှာ စိုးရိမ်တဲ့အတွက် ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အသေးစိတ် ပြောဆိုဖို့ ငြင်းဆန် ပါတယ်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် မိုးမခ မီဒီယာကတော့ Mr. Ben Rogers ဟာ သာမန်ဧည့်ဗီဇာနဲ့ မြန်မာနိုင်ငံကို ရောက်သွားခဲ့ပြီး၊ ၅ ရက်အကြာမှာမှ အာဏာပိုင်တွေက သိရှိသွားတာလို့ ဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သို့မဟုတ်) အာဏာရှင်တဦးရဲ့ မျက်နှာဖုံးကို ခွာကြည့်ခြင်း ဆိုတဲ့ အမည်နဲ့ Mr.Rogers ရေးသားခဲ့တဲ့ စာအုပ်ပါ အကြောင်းအရာတွေကို RFA ပြင်ပဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အပတ်စဉ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
