မကြာခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအလဲမှာ ကာကွယ်ရေးဦးစီးချုပ် ရာထူးက နုတ်ထွက်သွားပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့ အပတ်အတွင်း တရုတ်ပြည်ကို သွာရောက်ဖို့ ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ၊ မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ လေးရက်ကြာ တရုတ်ပြည်ကို လာရောက်မဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်ဟာ ဘီဂျင်းမြို့ကို လာရောက်ဖို့ ရှိသလို ရှန်ဟိုင်းမှာ ဖွင့်လှစ် ပြသနေတဲ့ ကုန်စည်ပြပွဲကိုလည်း လာရောက်ကြည့်ရှုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် အပြန်အလှန်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ချစ်ကြည်ရေး ခရီးထွက်ဖို့ ပေါ်ထွက် လာတာပါ။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ ပြည်တွင်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေကို တရုတ်ခေါင်းဆောင်တွေကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနဲ့ စီးပွားရေးအပြင် နိုင်ငံရေးအရ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံဖြစ်ပေမဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံက ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ဝေဖန်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၂၀၀၉ခုနှစ်က အပြန်အလှန် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါး ရှိပါတယ်။ ၂၀၁၀ ဇန်နဝါရီလအထိ တရုတ် ရင်းနှီးမြှုပ်နှံမှုဟာ ၂ ဘီလျံဒေါ်လာ နီးပါး ရှိပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၁၂ ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော
မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို
တရုတ် မြန်မာ ဆက်ဆံရေး ထိခိုက်ဖို့ အမေရိကန် မလိုလား
ကချင်စစ်ပြေး ဒုက္ခသည်တွေ ပြန်ဖို့ တရုတ် အာဏာပိုင်တွေပြောဆို
မြန်မာဟာ တရုတ် ရဲ့ မိတ်ဆွေစစ် ဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောဆို
တရုတ်ရေနံပိုက်လိုင်း စီမံကိန်းမှာ ပါဝင်တဲ့ နော်ဝေ အစိုးရကို ရွှေဂက်စ် ရှုတ်ချ
ရင်းနှီးမြုပ်နှံလို့ မကောင်းဆုံးနိုင်ငံ စာရင်းထဲက မြန်မာ မထွက်နိုင်သေး
မှတ်ချက်များ
Click here to add your own comment