စက်သုံးဆီဆိုင် ဖယ်ရှားဖို့ သာစည်မှာ ဆန္ဒပြ

မန္တလေးတိုင်း သာစည်မြို့လယ်ခေါင်မှာရှိတဲ့ ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ဖယ်ရှားပေးရေးအတွက် လူအင်အား (၁၀၀) ကျော်က ဒီကနေ့ မနက်ပိုင်းက စီတန်း လှည့်လည်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2012-07-30
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင်ဟာ မြို့တွင်းမှာ ဖြစ်နေတာကြောင့် မီးလောင်မှု အန္တရာယ် အချိန်မရွေး ဖြစ်လာနိုင်ပြီး တစ်မြို့လုံးကိုပါ ကူးစက် လောင်ကျွမ်းနိုင်တဲ့ အခြေအနေကို စိုးရိမ်ရတဲ့အတွက် အခုလို ဆန္ဒပြ တောင်းဆိုတာ ဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ သာစည်မြို့နယ် ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ဒေါ်မြင့်မြင့်အေးက RFA ကို ပြောပါတယ်။

ဂါလံ တသောင်းဆန့်တဲ့ လှောင်ရုံနဲ့ ဂါလံ ၁၅၀၀ ဆန့်တဲ့ တိုင်ကီပေါင်း ၆ ခုရှိပြီး မြို့လယ်ခေါင်မှာ တည်ရှိတဲ့အတွက် အန္တရာယ်ကြီးမားလှကြောင်း၊ လူထု လက်မှတ်ကောက်ခံပြီး အကြိမ်ကြိမ် တိုင်ကြားခဲ့ပေမဲ့ မထူးခြားခဲ့ကြောင်း၊ အိမ်ခြေ ၃ထောင့် ၉ ရာရှိပြီး လူဦးရေ တသိန်း ၈ သောင်း ၇ ထောင်ရှိတဲ့ မြို့ဖြစ်ကြောင်း၊ ၂၄ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြား ခွင့်ပြုချက်ရယူပြီး အခုလို ဆန္ဒထုတ်ဖော်ပြသတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဆန္ဒပြ လူထုဟာ မိထ္ထီလာ-တောင်ကြီးလမ်းမပေါ်မှာ စုရုံးပြီး မြို့လယ်ဈေးရှေ့အထိ တစ်နာရီကြာ လမ်းလျှောက် ချီတက် ဆန္ဒပြကြတာလို့ သိရပါတယ်။ အဲဒီလို ဆန္ဒပြနေစဉ်အတွင်း သတ်မှတ် နေရာတွေမှာလည်း စက်သုံးဆီဆိုင် ဖယ်ရှားရေးအတွက် ဟောပြောကြတယ်လို့လည်း သိရပါတယ်။ ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေက တားဆီး နှောင့်ယှက်တာ မရှိဘူးလို့ သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

In most cases I was standing for public. But my opinion in this case they were wrong. As long as follow OSHA law we don't really have to worry.

Jul 31, 2012 12:11 AM