ဒီညီလာခံမှာ UNAIDS အဖွဲ့က ကမကထ လုပ်ကာ နှစ်နှစ်တကြိမ် ချီးမြင့်တဲ့ ဒီဆုကို ခေါင်းစဉ် ၅ ခုအောက်မှာ မြန်မာအပါအဝင် နိုင်ငံ ၉ နိုင်ငံက AIDS တိုက်ဖျက်ရေး လှုပ်ရှားနေကြတဲ့ အဖွ့ဲတွေကို မနေ့ နေ့လည်ပိုင်းက ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေး အခြေစိုက် The Help Myanmar အဖွဲကို လိင်ကတဆင့် AIDS ကူးစက်မှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုချီးမြင့် ခံရတာဖြစ်တယ်လို့ ဒီဆုကို ကိုယ်တိုင်လာရောက် လက်ခံသူ မသက်မွန်ဖြိုးက ပြောပါတယ်။ ဒါ့အပြင် ဒီဆုပေးပွဲမှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကားကို ဗွီဒီယိုအခွေနဲ့ ပြသခဲ့ပါတယ်။
မြန်မာအပါအဝင် ကမ္ဘာတဝှမ်းမှာ HIV / AIDS ရောဂါ တိုက်ဖျက်နိုင်ဖို့အတွက် အောက်ခြေလူထု လူတန်းစားတွေရဲ့ ပူးပေါင်း ပါဝင်လာမှုဟာ အရေးကြီးကြောင်း၊ လူနည်းစု လူတန်းစားတွေကို ခွဲခြား ဆက်ဆံမှုတွေ မလုပ်သင့်ကြောင်းတွေကို အဓိက ထည့်သွင်း ပြောကြား သွားတယ်လို့ The Help Myanmar အဖွဲက မသက်မွန်ဖြိုးက ပြောပါတယ်။
ဒီဆုပေးပွဲအကြောင်းနဲ့ ပတ်သက်ပြီး မသင်းသီရိရဲ့ သတင်းပို့ချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်၊
