မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသမှာ ဖြစ်ပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် နိုင်ငံရေး လှုပ်ရှားမှုအကြောင်း ပြင်သစ်လူမျိုးဒါရိုက်တာ Luc Besson ရိုက်ကူးသည့် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး Michelle Yeoh ။ (Toronto International Film Festival)
တိုရန်တိုမြို့က မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးကျော်ဇော်ဝေက- The Lady ရုပ်ရှင်ကားရဲ့ ကော်ဇော်နီခင်း အခမ်းအနားမှာ မြန်မာ့မိတ်ဆွေ ကနေဒါ လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ကနေဒါ လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေး စိတ်ဝင်စား ထောက်ခံတဲ့ ကနေဒါမိတ်ဆွေတွေ တက်ရောက်ကြည့်ရှု အားပေးကြမှာဖြစ်ကြောင်း၊ ကနေဒါရောက် မြန်မာတွေလည်း စုပေါင်းကြည့်ရှုကြဖို့ စီစဉ်နေကြပြီး ဒီကနေ့မှာပဲ ရုပ်ရှင်တပွဲစာ လက်မှတ် ကုန်သွားပြီလို့ သိရကြောင်း ပြောဆိုပါတယ်။
ကမ္ဘာကျော်အဆိုတော် ဘိုနိုလည်း The Lady ရုပ်ရှင်ဇာတ်ကား ဖွင့်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလားတူ The Lady ဇာတ်ကားဒါရိုက်တာ ပြင်သစ်လူမျိုး Luc Basson ၊ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်မင်းသမီး မလေးရှားလူမျိုး Michelle Yeoh နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား David Thewlis တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဟာ ပြင်သစ်နိုင်ငံက ‘ကိန်း’ ရုပ်ရှင်ပွဲတော်ပြီးရင် ဒုတိယ အကြီးဆုံးပွဲတော် ဖြစ်ပါတယ်။ အဲဒီပွဲမှာ The Lady ဇာတ်ကားကို သုံးရက်ကြာ ပြသမှာ ဖြစ်ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ
KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်
မှတ်ချက်များ
Click here to add your own comment