မြန်မာသမတသစ် သတင်းစာလွတ်လပ်ခွင့် ထိန်းချုပ်သူဖြစ်လာ

2011-05-04

ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အထိန်းချုပ်ဆုံး အာဏာရှင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ မြန်မာနိုင်ငံက သမတ ဦးသိန်းစိန်လည်း ပါဝင်တယ်လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် ထုတ်ပြန်ချက်က ဆိုပါတယ်။

Photo: AFP / HO / MRTV

သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MRTV)

မနှစ်ကအထိ သတင်းလွတ်လပ်ခွင့် ထိန်းချုပ်တဲ့ မြန်မာစစ်အာဏာရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖော်ပြခဲ့ပြီး အခု သူ့နေရာမှာ သမတဦးသိန်းစိန်ကို ပြောင်းလဲ ဖော်ပြလာတာ ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံမှာ အစိုးရ ပြောင်းလဲတယ်လို့ ဆိုပေမဲ့ သတင်းစာ လွတ်လပ်ခွင့် ကန့်သတ်ခံနေရဆဲလို့ ဝေဖန်တာတွေ ရှိပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်