ပြီးခဲ့တဲ့ မတ်လ သမ္မတအဖြစ် အာဏာရယူပြီးကတည်းက စင်္ကာပူနိုင်ငံကို သမ္မတ ဦးသိန်းစိန် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး K Shanmugam နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က စင်္ကာပူ အစိုးရက နာဂစ်မုန်တိုင်းသင့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ကျေးရွာ ၂၅ အတွက် အဝီစိတွင်း တွေလှူဒါန်းခဲ့ပါတယ်။
စင်္ကာပူဟာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗြိတိန် စတဲ့နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု နံပါတ် ၆ မြောက် နိုင်ငံဖြစ်ပြီး ၂၀၁၀-၁၀၁၁ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ဖိုး ရင်းနှီးမြှပ်နှံထားပါတယ်။