နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို သမ္မတ ဦးသိန်းစိန်က ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ရှိတဲ့ အစိုးရဖြစ်လာဖို့ဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ အဲဒီလိုတိုက်ဖျက်ပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တာပါ။
လက်ရှိ အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်ဟာ ပြည်သူတွေရဲ့အသံကို နားမထောင်ပဲ မိမိတို့သဘောအလျောက် ဆောင်ရွက်နေတာတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တာဝန်ယူဖြေရှင်းပေးမှုမရှိတာ စတာတွေဟာ ကောင်းမွန်တဲ့အစိုးရဖြစ်လာဖို့အတွက် အဟန့်အတားတွေဖြစ်နေကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။
အဲဒီလို တိုင်းပြည်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြောကြားချက်နဲ့ ဆက်စပ်ပြီး အစိုးရဝန်ထမ်း အတွေ့အကြုံ နှစ်ပေါင်းများစွာရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းအထောက်အကူပြုအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |