အ.က.သ ခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက် အခမ်းအနားကျင်းပ

၈ လေးလုံး အရေးတော်ပုံကာလ အတွင်းက အခြေခံပညာကျောင်းသားများ သမဂ္ဂ (အ.က.သ) ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
2012-10-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
thet-win-aung-memorial-b305
၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က မန္တလေးအိုးဘို အကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ အ.က.သ ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခမ်းမမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်နေစဉ်။
RFA

တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တွေ ဖမ်းဆီးခံရချိန်မှာ ၈ လေးလုံး အရေးတော်ပုံကြီးကို အရှိန်အဟုန် မပျက်အောင် သယ်ဆောင်လာခဲ့တဲ့ အ.က.သ ကျောင်းသား ခေါင်းဆောင်တွေကို မှတ်မှတ်ရရ အသိအမှတ်ပြုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အမှောင်ခေတ်ကို ရောက်ခဲ့တဲ့ အတွက်ကြောင့် သူ့ရဲ့သား အသက်ပေးခဲ့ရတာ ဖြစ်တယ်လို့ ကိုသက်ဝင်းအောင်ရဲ့ အဖေ ဦးဝင်းမောင်ကလည်း RFA ကို ပြောပါတယ်။

၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က မန္တလေးအိုးဘို အကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ အ.က.သ ခေါင်းဆောင် ကိုသက်ဝင်းအောင်ရဲ့ ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနားကို ကိုသက်ဝင်းအောင်ရဲ့ မိဘတွေ ဖြစ်ကြတဲ့ ဦးဝင်းမောင်နဲ့ ဒေါ်မြမြအေး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ အ.က.သ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအ၀င် လူဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ကိုသက်ဝင်းအောင်ရဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပုံတွေနဲ့ နောက်ခံ အကြောင်းတွေကို အာရ်အက်ဖ်အေ ၀ိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်