ဒီနေ့ တရားခွင်ကို The Voice ဂျာနယ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပေမယ့် သတ္တုတွင်းဝန်ကြီးဌာနက တရားပြိုင်တွေနဲ့ ရှေ့နေတွေ မလာရောက်ကြဘူးလို့လည်း သိရပါတယ်။
The Voice ဂျာနယ်အနေနဲ့ မြို့နယ်နဲ့ ခရိုင်အဆင့်တရားရုံးတွေမှာ ပလပ်ခံရတဲ့အတွက် တိုင်းအဆင့်အထိ ဆက်လက်အယူခံဝင်သွားမယ်လို့လည်း သိရပါတယ်။
The Voice ဂျာနယ်ဟာ သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေရဲ့ သိန်းထောင်ချီ အလွဲသုံးစားမှုတွေကို ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ဖော်ရေးသားခဲ့တာကြောင့် သတ္တုတွင်းဝန်ကြီးဌာနရဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
