အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံအပေါ် တိုက်တွန်းမှု၊ နိုင်ငံရေး အကျဉ်းသား ပြန်လည် လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒုက္ခသည် ကူညီရေး၊ လွှတ်တော်နှစ်ရပ်အတွင်း အာဏာခွဲဝေမှု၊ အစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ပြည့်ပြည့်စုံစုံ ဖြေကြားသွားတာ တွေ့ရပါတယ်။
ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးအပါအဝင် အမေရိကန် အစိုးရဘက်က ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံဘက်က ရှေ့တိုးဆောင်ရွက်ရမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်ခွင့်ရရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နယ်ခြားဒေသတွေမှာ လူသားချင်းစာနာမှု အကူညီပေးခွင့်ရရေးတွေကို ပြည်သူ့လွှတ်တော်အနေနဲ့ ကြိုးစားဆောင်ရွက်မယ့်အကြောင်း ကတိပေးခဲ့တယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောကြားပါတယ်။
မြန်မာအနေနဲ့ မြောက်ကိုရီးယားထံမှ နျူကလီးယားနည်းပညာ အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သူရ ဦးရွှေမန်းက သတင်းစာ ယတိပြတ် ငြင်းဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဒီ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်း ဖြေကြားချက်တွေကို မူရင်းအတိုင်း နားဆင်နိုင်အောင် တင်ပြထားပါတယ်။