ထင်ယောင်ထင်မှား ဓာတ်ပုံဖြန့်ဝေမှု စိုးရိမ်မကင်းကြောင်း တိဗက်ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာ

မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ တချို့မီဒီယာတွေဟာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေဖော်ပြတဲ့အတွက် စိတ်အနှောင့်အယှက် အထူးတလည် ဖြစ်ရပြီး စိုးရိမ်မကင်းလည်း ဖြစ်ရတယ်လို့ အိန္ဒိယနိုင်ငံ Dharamshala အခြေစိုက် CTA - တိဗက် ဗဟိုအုပ်ချုပ်မှုအဖွဲ့က မနေ့က ကြေညာလိုက်ပါတယ်။
2012-08-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မူဆလင်နိုင်ငံ ခပ်များများ အထူးသဖြင့် ပါကစ္စတန်နိုင်ငံက အင်တာနက် စာမျက်နှာတချို့မှာ လူသေအလောင်းပုံတွေရှေ့ တိဗက်ဘုန်းတော်ကြီးတွေ မတ်တပ်ရပ်နေတဲ့ ပုံတွေကို ပြထားပြီး ရခိုင်ပြည်နယ်မှာ မြန်မာရဟန်းတွေ အကြမ်းဖက်နေသလို ဖော်ပြထားတယ်လို့ CTA က ပြောပါတယ်။

တကယ်တော့ အဲဒီဓာတ်ပုံတွေဟာ ၂၀၁၀ ဧပြီလတုန်းက ငလျင်ဒဏ်ခံရတဲ့ တရုတ်ပြည် တိဗက်ဒေသမှာ တိဗက်ဘုန်းတော်ကြီးတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန် ရိုက်ကူးထားတဲ့ ပုံတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် CTA ဟာ ပါကစ္စတန် အင်တာနက် စာမျက်နှာဆီကို ဒီလို တလွဲဖော်ပြတဲ့ အဲဒီဓာတ်ပုံတွေ ဖြုတ်ပေးဖို့ ဇူလိုင် ၃၀ ရက်နေ့က စာတစ်စောင် ပေးပို့ခဲ့ရာ နောက်တစ်ရက်မှာ အဲဒီ ဓာတ်ပုံတွေကို ဖယ်ရှားပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိနိုင်ငံ မွန်ဘိုင်းမြို့မှာ သြဂုတ် ၁၁ ရက်က ဆန္ဒပြပွဲလုပ်ချိန်မှာ တချို့မူဆလင်တွေဟာ ဒီဓာတ်ပုံတွေ ကိုင်ဆောင်သွားတဲ့အတွက် ဓာတ်ပုံတွေက အင်တာနက်မှာ ပျံ့နှံ့နေတုန်းပဲလို့ ပြောပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင် ဘာသာဝင်တွေကြား ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပြီး ဖြန့်ဝေနေတဲ့ ဒီဓာတ်ပုံကို အသုံးမပြုကြပါနဲ့လို့ ကမ္ဘာတ၀န်းက မီဒီယာတွေကို အနူးအညွတ် မေတ္တာ ရပ်ခံပါကြောင်း တိဗက် ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

nyinyi

နေရပ်- malaysia

rohinja is full lier

Aug 29, 2012 07:02 AM

Ratnak

Thanks to Central Tibet Administration. I am a tripura from India. Here in India also, these people are so bad. They rape and kill the local tribe girls and shouting that they are minority. OIC is creating the religious war against Buddhists. They allowed their people to commit crimes. Myanmar, itself can solve the problem.If you willing to help these Rohingyas, please bring 800000 people to all of your OIC countries.You can help these peoples and keep in your countries. We are happy to send them to your countries.

Aug 18, 2012 10:23 AM

အမည်မဖော်လိုသူ

မလိမ်ခင်ကတည်းကယုံချင်သူတွေ၊၊ပြသ၁နာရှာချင်သူတွေ လိမ်ပြီးတော့လည်းဆက်ပြီးယုံချင်နေတုံးဘဲလား။စည်းကမ်းရှိကြပါ၊မတရားအနိုင်ကျင့်ဘို့လမ်းမရှာပါနဲ့။

Aug 16, 2012 10:26 AM

MOE GYI

နေရပ်- JURONG

Thank a lot to CTA

Aug 16, 2012 09:52 AM

U Thant Zin

နေရပ်- Yangon

Who were cheating to the world?
They will reap as they sow.

Aug 16, 2012 09:50 AM

Johnathan

Hello Rupasha, you have good points here and I can see your frustration. But I cannot understand your religious standing. How can you accept both Hindu and Muslim because the Hindus worship cows and the Muslims kill them (beheadings at Idd)

Aug 18, 2012 10:18 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.