တိုက်ဂါးဘီယာချက်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


2014.07.18
tiger-beer-305 တိုက်ဂါးဘီယာဘူးနဲ့ ပုလင်းပုံ
Photo: loslocosborrachos.wordpress.com

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ Tiger Beer တိုက်ဂါးဘီယာစက်ရုံက အလုပ်သမား ၁၀၀ ကျော်လောက်ဟာ တစ်နေ့လုပ်အားခ ကျပ် ၂၃၀၀ တိုးပေးဖို့ ၃ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေပါတယ်။

စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေနဲ့ ညှိနှိုင်းတာမရှိကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမတစ်ဦးဖြစ်သူ မရာဇာမိုးက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီလိုဆန္ဒထုတ်ဖော်တယ်ဆိုတာ မခံနိုင်လို့ နှစ်ပေါင်းလပေါင်းကလည်း မရေတွက်နိုင်ဘူးလေ၊ ကျနော်တို့ကို ဒီလိုလုပ်နေတာ၊ ကျနော်တို့မှာ က နောက်မှာမှီခိုစားနေတဲ့ မိသားစုတွေရှိတယ်၊ ကျနော်တို့ သူတို့ဆီမှာ နှစ်နဲ့ချီပြီးလုပ်နေတဲ့ အလုပ် သမားတစ်ယောက် ကျနော်တို့လိုချင်တဲ့ဆန္ဒက ကျနော်တို့ လစာတိုးမြှင့်ရေးရယ်၊ သူတို့ကျနော်တို့ကို အမြဲတန်းဝန်ထမ်း မပေးနိင်ရင်တောင် တရားဝင် အလုပ်သမား၊ ကျနော်လိုချင်တဲ့ဆန္ဒက အဲလို သူတို့ကို ကျနော်တို့ နောက်ဘိတ်ဆုံးစာသွားတင်တယ်၊ ကျနော်တို့စာကို လက်မခံဘူး၊ မယူဘူး၊ မယူလို့ ကျနော်တို့ သပိတ်မှောက်တယ်၊ ကျနော်တို့ အလုပ်သမားတွေ အကုန်လုံး ညနေ ၅ နာရီမှပြန်ရတာ၊ အကုန်မိုးရေထဲမှာ၊ ကျနော်တို့ဆီကို ဘယ်သူမှထွက်ပြီး မညှိနှိုင်းဘူး"

ဆန္ဒပြအလုပ်သမားတွေဟာ တစ်နေ့ အလုပ်ချိန် ၁၆ နာရီကို ခိုင်းရာကနေ ၈ နာရီအထိ လျှော့ချ ပေးဖို့၊ အလုပ်သမားတွေကို တရားဝင်လုပ်သားအဖြစ် သတ်မှတ်ပေးဖို့၊ အလုပ်ချိန်အတွင်းမှာ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရခဲ့ရင် အလုပ်ရှင်ဘက်က တာဝန်ယူပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တိုက်ဂါးဘီယာစက်ရုံမှာ အလုပ်သမား ၄၀၀ လောက်ရှိပြီး အလုပ်သမား ၁၀၀ ကျော်လောက်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။