မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရေကြောင်းကတဆင့် သစ်မှောင်ခို တင်သွင်းဖို့ ကြိုးစားခဲ့သူ မြန်မာလူမျိုး ၅ ဦးကို ထိုင်းရေတပ်က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ ရေမိုင် ၂ မိုင်အကွာမှာ အကြီးစားအင်ဂျင်စက် တပ်ဆင်ထားတဲ့ မသင်္ကာဖွယ်ရာ စက်လှေတစီးကို ထိုင်းဘုရင့် ရေတပ်မတော်ရဲ့ ဟွာဟင်းခရိုင် ကင်းလှည့်ရေယာဉ်က တက်ရောက် စစ်ဆေးရှာဖွေခဲ့ရာမှာ ခွဲစိတ်ဖြတ်တောက် အချောကိုင်ပြီး သစ်ခွဲသား ပျဉ်ချပ်ပေါင်း ၁၅ဝ ကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ သစ်ခွဲသားတွေမှာ တရားဝင် အထောက်အထား စာရွက်စာတမ်း တွေ မပါရှိတဲ့အတွက် စက်လှေမောင်းသူနဲ့ လှေပေါ်ပါသူ မြန်မာလူမျိုး ၅ ဦးကို သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းဘတ်ငွေ ၃ သိန်း တန်ဖိုးရှိတဲ့ အဲဒီသစ်ခွဲသားတွေကို မြိတ်မြို့မှာ ခွဲစိတ် အချောကိုင်ခဲ့တာဖြစ်ပြီး ရနောင်းဆိပ်ကမ်းက သစ်ခွဲစက်တခုကို ပို့ပေးရမှာဖြစ်ကြောင်း စက်လှေမောင်းသူက ပြောပါတယ်။
ထိုင်းဘက်က အဝယ်လိုက်နေတဲ့အတွက် မြန်မာ့သစ်ခွဲသားတွေ မြိတ်ကနေတဆင့် အလုံးအရင်းနဲ့ တင်ပို့နေရတယ်လို့ လှေပေါ် ပါသူတွေက ပြောပါတယ်။
အလားတူ ထိုင်းဘက်ကနေ တရုတ်ကို မှောင်ခိုတင်ပို့မယ့် ဘတ်ငွေ ၅ သိန်းကျော် တန်ဖိုးရှိတဲ့ ထိုင်းသစ်နီသားတွေကိုလည်း မဲခေါင်မြစ်ထဲမှာ ချင်းရိုင် ကင်းလှည့်ရေယာဉ်က ဖမ်းမိခဲ့ပါတယ်။ ထိုင်းသစ်နီသားတွေကို လက်ခံရယူမယ့် တရုတ်ကုန်သည်ဟာ ဖမ်းမိတဲ့နေရာနဲ့ ၃ မိုင်အကွာ မြန်မာဘက်ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ကျွန်းတံခါးကြီးတွေ ခိုးထုတ်နေခြင်းကို အာဏာပိုင်များ လစ်လျူရှု
အိန္ဒိယသို့ သစ်တင်သွင်းမှုဖြင့် သစ်စက်ရှင်နှင့် လုပ်သားများ ထောင်ဒဏ်စီရင်ခံရ
မြန်မာ့ကျွန်းသစ်လုံးရေ သုံးထောင်ကျော် ထိုင်းဖမ်းဆီး
မြန်မာပြည်မှထွက်သော သစ် ဟုတ်မဟုတ် ထိုင်း စစ်ဆေးမည်
ကမ္တာ့စီးပြားရေးနဲႛ ဒဏ်ခတ်ပိတ်ဆိုႛမြေုကာင့်ူမန်မာ့သစ်လုပ်ငန်း ထိခိုက်
၃၅ိံစ်ြအတငြ်ူးမန်မာ့သစ်တော ဧရိယာ ၂၀ ရာခိုငိံနြ်းခန်ႛလေဵာ့
တ႟ုတ္ဴပည္ဖက္သိုႛ သစ္ခိုးထုတ္မႁ ႎႀစ္ဆတိုးလာ
မွတ္ခ်က္မ်ား
Click here to add your own comment