လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် လိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံရေး ၊ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးက သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁၀၀ ကို ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ် စစ်တမ်းကောက်ဖော်ပြနေရာမှာ ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကျော် အမေရိကန်အဆိုတော် Lady Gaga ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြသူအများစုဟာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ facebook အင်တာနက်လူမှုရေး စာမျက်နှာကနေတဆင့် မဲဝင်ရောက်ပေးခဲ့တာဖြစ်ပြီး Lady Gaga ကိုတော့ အမေရိကန်ဆယ်ကျော်သက် ပရိသတ်က Twitter လူမှုရေးစာမျက်နှာကနေ မဲပေးကြတာလို့ သိရပါတယ်။
၁၀နှစ်အတွင်း သြဇာအကြီးဆုံးလူသားအဖြစ် Time မဂ္ဂဇင်းက မနက်ဖြန် ဧပြီလ ၁၈ ရက်မှာ တရားဝင်ကြေညာမယ်လို့ သိရပါတယ်။