ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရပါတယ်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုတော့ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား ထားပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ရှိစဉ်ကာလက သမ္မတ ဂေါ်ဗာချော့ဟာ ပြုပြင်ပြောင်းလဲရေးကို အစပျိုးခဲ့သူ ဖြစ်တဲ့အတွက် ကမ္ဘာ့နာမည်ကြီး ပုဂ္ဂိုလ်စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရပါတယ်။

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို တစ်ကမ္ဘာလုံးက ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ပြီးရင် တိုင်းမ်မဂ္ဂဇင်းက အတည်ပြုမှာ ဖြစ်ပါတယ်။