ကုလ အထူး ကိုယ်စားလှယ် ရန်ကုန်မြို့ရောက်ရှိ

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။
2012-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
quintana-rangoon-072912-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရန်ကုန်မြို့သို့ ရောက်ရှိစဉ်။
AFP

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင် အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတဲ့ပုံစံ ဖြစ်သွားတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲက ပြောဆိုခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က -

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေအောက်မှာ မြန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့  မြန်မာပြည်ဟာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင် နေရကြောင်း ပြောဆိုပါတယ်။

မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာ ဖြစ်ပြီး လာမယ့် သောကြာနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တွေ့ဆုံတဲ့အခါ ဘာတွေ ဆွေးနွေး ပြောဆိုမယ် ဆိုတာ မသိရပေမဲ့ ရခိုင်ပြည်နယ်တွင်း ကိစ္စဟာ အဓိက ဆွေးနွေးစရာ ဖြစ်ပါလိမ့်မယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ယောက်က ပြောဆိုကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီအတွင်း အီရန်နိုင်ငံမှာရှိတဲ့ စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲက မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ဆေးဝန်ထမ်းတွေ၊ သူနာပြုတွေ ပါဝင်တဲ့ ကူညီ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ကြောင်း အီရန် FARS သတင်းဌာနက ဖော်ပြပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

နေရပ်- New York

Don't accept Iran spy group. If they want to takecare Bangali Muslim refugees, let Iran take home. Therefore Bangali refugees can enjoy and happily pray 10 times per day in Iran and they can work in Oil industries.

Jul 30, 2012 11:06 AM

zawzaw

နေရပ်- malaysia

သတင်းကိုတိကျမှန်ကန်စွာဖော်ပြစေချင်ပါတယ် ကင်တာနားမြန်မာပြည်လာတာဟာ မြန်မာကဖိတ်ကြားလို့လာတာကိုထိန်ချန်ပြီးေ၇းသားထာတာ တွေဟာ သတင်မီဒီယာတွေရဲ့ အောက်တန်းကျမူတွေလို့ထင်ပါတယ် တိကျဖို့လိုအပ်ပါတယ် မိမိရဲ့သတင်းကြောင့်လူပေါင်များစွာဒုက္ခေ၇ာက်မှာကို ကိုယ်မိသားစုတစ်ခုထဲစားဝတ်နေေ၇းပြေလည်ဖို့အတွက် မကြည့်သင်ပါဘူး

Jul 30, 2012 01:37 AM