ကိုထင်ကျော် ဆေးရုံမှာ ထပ်မံနှိပ်စက်ခံရ

2011-07-05

ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြလို့ ထောင်ချခံထားရတဲ့ ကိုထင်ကျော်ဟာ စစ်ကိုင်းတိုင်း ခန္တီးထောင် မှာ ကျန်းမာရေး မကောင်းတဲ့အတွက် ထောင်အာဏာပိုင်တွေက အပြင်ဆေးရုံ တက်ခွင့်ပြုလိုက်ပေမယ့် ဒေသခံ ရဲအရာရှိတွေရဲ့ အာဏာပြ အကြမ်းဖက် လုပ်ရပ်ကြောင့် ဆေးမကုရပဲ ထောင်ထဲ ပြန်သွားရတယ်လို့  သတင်း ရရှိပါတယ်။

Photo: RFA

၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ တောင်းဆို ဆန္ဒပြမှု အတွက် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော် ဖြစ်ပါသည်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ ဇွန်လ - လကုန်ပိုင်းက ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ကိုထင်ကျော်ရဲ့ ဇနီးသည် မသန်းသန်းမော်က RFA ကို အခုလို ပြောပါတယ်။

"ကျမ သူ့ကို သွားတွေ့တာ ဆိုလို့ရှိရင် ၂၃ ရက်နေ့က သွားတွေ့တာပေါ့။ ဆီး လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ပီး ဆေးရုံတက်တဲ့ ကိစ္စမှာ ရဲတွေက လာပီး ခန္တီးခရိုင် ပြည်သူ့ ဆေးရုံမှာ လာပြီး အကြမ်းဖက်တဲ့ ကိစ္စကို သူ ကျမကို တိုင်စာလည်း ပို့ခိုင်းတယ်။ ရဲ မြို့နယ်မှူးတွေက သူ့ကိုလည်း အကြမ်းဖက်တယ်ပေါ့။

သူ့ကို စောင့်တဲ့ ၀န်ထမ်းတွေကိုလည်း ရက်ရက်စက်စက် ထိုးကြိတ်ပြီး သွေးတွေကျ ပါးစပ်တွေ ကွဲတဲ့အထိအောင် လုပ်တယ်ဆိုတော့ အဲဒါကို သူလုံးဝ မကျေနပ်ဘူးပေါ့။ နောက် ထောင်ထဲက အခြေအနေ ကတော့ ရိုးရိုး အကျဉ်းသားတွေ ကပါပေါ့နော် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တယောက်နဲ့တယောက် လေးစားသမှု မရှိတော့ဘဲ ပမာမခန့် ပုံစံတွေပေါ့။ တိုက်ခိုက်ပေးတဲ့ ပုံစံလို ဖြစ်နေတယ်တဲ့ ထောင်ထဲမှာတော့။"

ဒီဖြစ်ရပ်ကို ကိုထင်ကျော်က သက်ဆိုင်ရာဌာန ဆိုင်ရာတွေကို စာတင်ခိုင်းတဲ့အတွက် ဇနီးသည် မသန်းသန်းမော်က မနေ့က စာပို့ လိုက်ပြီလို့ ဆိုပါတယ်။

ကိုထင်ကျော်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် လပိုင်းက စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် မြှင့်လိုက်လို့ ကုန်ဈေးနှုန်း တက်သွားတဲ့ အတွက် ဒီကိစ္စကို ဖြေရှင်းပေးဖို့  အဲဒီအချိန်က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို တောင်းဆို ဆန္ဒပြတဲ့ အတွက် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ကိုထင်ကျော်နဲ့ပတ်သက်လို့  အခု ခန္တီးက ဖြစ်ရပ် အသေးစိပ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါပြီ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ

နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ကျောင်းတက်ပွဲ ကျင်းပ

နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက လှူ

ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး အရှင်ဝီရသူ တောင်းဆို

ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော

မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်း ပြန်လည် ပြုစုနေ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ်

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း

လူမှုကွန်ယက် (မန္တလေး) နိုင်ငံရေး အကျဉ်းသားတွေကို ငွေ ၂ သိန်း ထောက်ပံ့