နိုင်ငံတော်စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိဖို့လို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် သဘာဝ အရင်းအမြစ် သယံဇာတနဲ့ ပတ်သက်တဲ့ နိုင်ငံတော် စီမံကိန်းတွေ အကောင်အထည်ဖေါ်ရာမှာ ထင်သာမြင်သာရှိမှု အရေးကြီးကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယူးရောက်တိုင်းမ်စ် သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
2012-10-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-ny-burmese-community-0922-b305
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြို့ မြန်မာအသိုင်းအ၀ိုင်းတို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က Queens College တွင် တွေ့ဆုံနေကြစဉ်။
AFP

မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နယူးရောက်တိုင်းမ်စ် သတင်းစာ နဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပြီး သတင်းစာက မနေ့က ထုတ်ပြန်လိုက်တာပါ။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ၀က်မှေးရွာနားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် သဘာဝ သယံဇာတတွေ တူးဖေါ်ထုတ်လုပ်နေတဲ့ နိုင်ငံတော် စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် အချိန်နှောင်းမှ ဒေသခံ ပြည်သူတွေ သိရှိရတာကြောင့် ပြဿနာတွေ ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါကြောင့် စီမံကိန်းတွေ အကောင်အထည်ဖေါ်တော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှု ရှိဖို့ဟာ အဓိက ကျကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှုဟာ နိုင်ငံရေးမှာ တင်မကဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ အကောင်အထည် ဖေါ်မှုတွေမှာပါ သဟဇာတဖြစ်မှုကို တွန်းအားဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Arka

Military period Bureaucrats should be put aside or punished as National Traiters. They are disturbing the process of National Reconciliation and Democratization.

Oct 03, 2012 04:00 AM

(

နိုင်ငံတော်စီမံကိန်းများပွင့်လင်းမြင်သာမှုရှိဖို့သိပ်ပြီးလိုအပ်ပါတယ်လက်သင့်ရာစားတော်ခေါ်တဲ့ခေတ်တွေတော်ပါတော့ဗျာတဖြည်းဖြည်းနဲ့တိုင်းပြည်လည်းတရုတ်ကငွေပေးပြီးလုပ်ချင်တိုင်းလုပ်တာခံရပါများတော့ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့မိန့်ခွန်းထဲကလို--နိုင်ငံကြီးဖြစ်မှန်းမသိဖြစ်နေပါပြီ.....

Oct 02, 2012 04:37 PM