ရခိုင်ခေါင်းဆောင်တွေ မလေးရှားမှာ သေနတ်ပစ်ခံရ

2014-02-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရခိုင်အမျိုးသားများပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
ရခိုင်အမျိုးသားများပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
RFA

မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို လူတစ်စုက အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဗုဒ္ဓဟူးနေ့ညက အမည်မသိ အကြမ်းဖက် သမားတစ်စုက သေနတ် နဲ့ လိုက်လံပစ်ခတ်ခဲ့ကြရာမှာ၊ သူတို့စီးလာတဲ့ကားကို ထိမှန်ပြီး၊  လူတွေတော့ လွတ်မြောက်သွားတယ်လို့  RFA က စုံစမ်းသိရှိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဦးအေးသာအောင်တို့နဲ့အတူ ကားထဲမှာ လိုက်ပါသွားခဲ့တဲ့ မလေးရှားရောက် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစိုးအောင်က RFA ကို အခုလိုပြောပါတယ်။

“ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်နဲ့ နှစ်ယောက်က ကားဘေးကနေ ကပ်လိုက်လာပြီးတော့ ပစ်တာပေါ့၊ ကျနော်တို့ ပစ်တယ်လို့ သိလိုက်တဲ့အချိန်မှာ ကျနော်တို့က ကားကိုလွတ်အောင် မောင်း တာပေါ့ဗျာ၊ မောင်းတဲ့အချိန်မှာ သူတို့က နောက်ကထပ်လိုက်တာပေါ့ဗျာ၊ နောက်ပြီးတော့ ဘေးကို တစ်ချက်ပစ်တယ်၊ နောက်ကနေထပ် နှစ်ချက်ပစ်တာပေါ့၊ သုံးချက်ပေါ့၊ ကားထဲမှာ ကျည်ဆန် သုံးခုတွေ့တာပေါ့၊ ပစ်တဲ့အချိန်မှာ ကြားလိုက်တာက ပစ် ထပ်ပစ် ထပ်ပစ်ဆိုပြီးတော့လို့ ပြောတာ ကြားလိုက်တယ်”

သေနတ်သမားတွေက သူတို့ကားနောက်ကနေ လိုက်လံပစ်ခတ်ချိန်မှာ မြန်မာစကားနဲ့ ပြောဆိုသံကြားခဲ့ရတဲ့ အတွက် အဲဒီအကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံက ဖြစ်လိမ့်မယ်လို့  ဦးစိုးအောင်က ဆိုပါတယ်။

ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့အဖွဲ့ ဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ ဆုံဆွေးနွေးဖို့ သွားရောက်နေတာဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း၊ ဒီဖြစ်ရပ်ကို မလေးရှားရဲဌာနမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သေနတ်သမားတွေကို ရှာလို့မတွေ့ သေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဦးစိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ကွန်မင့်များ (7)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

(

ဒါကတော့ အုကံသမား၊ အခွင့်အရေးသမား ၊ အရေချုံ နိုင်ငံရေးသမားတွေရဲု့ကိုတင်စည်းဝါးရိုက် ချိန်ကိုက်လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။ ဒါမျိုးလုပ်ပြီး အနေချောင် အစားချောင်မဲ့ လိုင်စင်ရထားသူတွေ အများကြီးရှိနေပါတယ်။ ဒီအဖြစ်အပျက်က မလေးရှား “လဝက” အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Feb 09, 2014 03:52 AM

(

ဒီအခြေနေေ၇ာက်ကုန်တာ မဆန်းပါဘူး။ ဒီထက် ပိုမဆိုးပါစေနဲ့လို့ ဆုတောင်းရမယ်။ ဟိုးအရင်တုန်းက တကယ် ရှိတဲ့ ရိုးရိုးသားသားရိုဟင်ဂျာတွေ နှိပ်စက်ခံရတာတွေကို သတင်းစာတွေ မှာ သတင်းမှောင်ချထားခဲ့ပီး ပည်သူတွေ ဘာမှ မသိကြဘူး။ နောက်ပီး ရခိုင်ကမ်းရိုးတန်းတလျောက်လုံး နေ့ရောညပါ စောင့်ကြပ်နေတာ မဟုတ်တော့ ခိုးဝင် တာလဲရှိ။ ငွေယူပီး မသိချင်ယောင်ဆောင်တာတွေလဲ ရှိ။ အခုကျမှ နဂိုကရှိတဲံ့ ကုလားရော နောက် ခိုးဝင်တဲ့ကုလားရော အကုန်လိုက်သတ်တော့ ဇာတ်ကရှုတ်ကုန်တာပေါ့.အစိုးရက စဉ်းစဉ်းစားစား မျှမျှတတ လုပ်သင့်နေပြီ

Feb 09, 2014 03:51 AM

(

World media are bias for Rohingya Muslims and Rohingya Muslims are described as innocents or victims of Arakan people & Burma government.
Rohingya Muslims are illegally staying in Burma attacking Burma and spreading fabricated history, exaggerated stories, misleading news labeling Arakan people & Burma government as evil society.
Because of that the number of innocent Burma citizens being killed in Burma Malaysia, Indonesia by some groups (Rohingya are directly or indirectly involved ) are increasing . Rohingya are highly skilled Terrorists. They have never been arrested in Malaysia.

Feb 07, 2014 10:33 AM

အင်ကငြင်

အုကံသမားတို.ရဲ. အုကံအဖန်၊ လန်ုကုပ်လုပ်ုကံ ဇာတ်လမ်းလေးဖတ်နေရပါတယ်။ မင်းတို.ရဲ. ကလိမ်ကကျစ်ဥာဏ် ဒါအကုန်ဘဲလား။

Feb 07, 2014 10:28 AM

Zan

နေရပ်- U.S.A

They should not go over there because Malaysia and Indonesia have many Islamic terrorist groups.

Feb 07, 2014 10:27 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့