တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် ဒုက္ခသည်တွေနဲ့ တွေ့ဆုံလှူဒါန်း

တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ဒုက္ခသည် စခန်းတချို့ကို သွားရောက် လေ့လာခဲ့ပါတယ်။
2012-08-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
turkish-fm-rohingya-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း၌ တူရကီ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်။
RFA

စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက ရောက်ရှိလာတဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီးအဖွဲ့ဟာ ဘောဒူဘနဲ့ အောင်မင်္ဂလာ ဘင်္ဂါလီ-ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေအပြင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် စခန်းဖြစ်တဲ့ ဆုတောင်းပြည့် ဘုန်းကြီးကျောင်းကို သွားရောက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။

"ကားနဲ့လာပြီးတော့ ဒုက္ခသည်စခန်းမှာ ပေးတာလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီရခိုင်ပြည်နယ်ရုံးမှာ အစိုးရဝန်ကြီး အဖွဲ့တွေကို လွှဲပေးတာလည်း ရှိပါတယ်။ သူတို့ ပထမ မနက်ရောက်တာနဲ့ ကျွန်တော်တို့ ဒီဘောဒူဘပေါ့။ ဘောဒူဘ ဆိုတာက မြို့ပြင်ပေါ့၊ မြို့ပြင် ဒုက္ခသည်စခန်းတွေကို သွားပြီးတော့ ကြည့်ပါတယ်။ အဲဒီက ၁၁ နာရီခွဲလောက်ကိုကျရင် သူတို့ပြန်လာတယ်။ ပြန်လာပြီးတော့ သူတို့ လောကနန္ဒာကို ဝင်ပါတယ်။ လောကနန္ဒာမှာ ကြည့်ပြီးတော့ ၁ နာရီခွဲလောက်မှာ အောင်မင်္ဂလာမှာ သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့ ဗလီမှာ နမာဇ့်ဖတ်နေတဲ့ အချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးကတော်ကဒီမှာ ဒီအောင်မင်္ဂလာရပ်ကွက်က အိမ်တစ်အိမ်မှာ ကျောင်းသူလေးတွေ အမျိုးသမီးတွေ ဒုက္ခသည်တွေ သူတို့နဲ့တွေ့ပါတယ်"

ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်က အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် အနေနဲ့ ရခိုင်ပြည်နယ်က အဖြစ်မှန်တွေကို ကိုယ်တိုင် လာရောက် လေ့လာဖို့ ဖိတ်ခေါ်ကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြနေတာတွေဟာ မြန်မာနိုင်ငံက မဟုတ်ပဲ တခြားနိုင်ငံက သေဆုံးမှုတွေကို မြန်မာနိုင်ငံမှာ ဖြစ်ခဲ့သယောင် ဖော်ပြ နေကြတာ ဖြစ်ကြောင်း စသဖြင့် သမ္မတ ဦးသိန်းစိန်က တူရကီ နိုင်ငံခြားရေး ဝန်ကြီးကို ရှင်းပြခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်က ဒုက္ခသည် အားလုံးအတွက် မြန်မာအစိုးရကို မနေ့က အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်ရဲ့ တင်ပြချက်ကိုနားဆင်ပါ။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Ko khaing

နေရပ်- usa

This is good news both party. The world will know the truth. All the bias and all of the created images will be tarnish soon. At the same time sooner or later the whole world will know all the bias created by the Bengali Rohingyas will tarnish and the have no place in this world.

Aug 10, 2012 08:08 PM