၆ ပွင့်ဆိုင် ဆွေးနွေးပွဲအစား ၁၂ ပွင့်ဆိုင် ပြင်ပေးဖို့ တင်ပြ
2014.12.09
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ အစိုးရထံ တိုက်တွန်းထားတဲ့အပေါ် ၁၂ ပွင့်ဆိုင် အဖြစ် ပြောင်းလဲပေးဖိ့ု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းလိုက် ပါတယ်။
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းထားတဲ့အထဲ မှာမပါတဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုစီက ကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းပြီး ၁၂ ပွင့်ဆိုင် အဖြစ် ပြောင်းလဲပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုတင်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
အဲဒီအဆိုကို မနက်ဖြန် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဆိုတင်သွင်းတဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ဟာ ကရင်ပြည်သူ့ပါတီ ဥက္ကဌလည်း ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ၆ ပွင့်ဆိုင် တွေ့ဆုံဖို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဆိုအပေါ် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ဖက်က တရားဝင်အကြောင်းပြန်ထားခြင်း မရှိသေးပါဘူး။
အဲဒီ့အရေးကြီးအဆိုနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။