ပါကစ္စတန် သမ္မတရဲ့ပေးစာမှာ - ရိုဟင်ဂျာ မူဆလင်တွေ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုံခြုံစိတ်ချရတဲ့ဘ၀ ရရှိနိုင်ဖို့အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်ကို မြန်မြန်ထက်ထက် ဆောင်ရွက်ပေးဖို့ ဦးသိန်းစိန်ကို တိုက်တွန်းထားပြီး၊ မတူညီတဲ့ လူအုပ်စု အချင်းချင်း ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နိုင်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တက်လှမ်းရေး အစီအစဉ် အားကောင်း မောင်းသန်ဖြစ်လာဖို့အတွက် အရေးကြီးကြောင်း၊ ရပ်ရွာတွင်း နေထိုင်သူတွေ သဟဇာတဖြစ်မှ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခံစားနိုင်မှာ ဖြစ်ကြောင်း၊ ဒါမှသာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် နောက်ပြန် မဆုတ်နိုင်မှာ ဖြစ်ကြောင်း အလေးပေး ဖော်ပြထားပါတယ်။
