အပြောင်းအလဲအတွက် ဆက်ပြီးကြိုးပမ်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ပြော

အပြောင်းအလဲတွေ ပိုအားကောင်းလာအောင် မိမိတို့ အစိုးရ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ထဲမှာ ဂိုဏ်းဂဏ ကွဲပြားနေတယ်ဆိုတာ မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစိုးရသစ်ရဲ့ “ပထမ” နှစ်ပတ်လည် အထူးမိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က အခုလို ထည့်သွင်းပြောကြား သွားတာပါ။ လောလောဆယ် ပြည်ထောင်စုလွှတ်တော်မှာ ဝန်ထမ်းလစာ တိုးမြှင့်ရေးကနေ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး အသုံးစရိတ်တွေကို မူဝါဒချမှတ်မယ့် နိုင်ငံတော် ရသုံးဘတ်ဂျက်ဆိုင်ရာ ဥပဒေ လေးရပ်ကို ဆွေးနွေးနေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ အစိုးရသက်တမ်း တစ်နှစ်တာနီးပါးကာလမှာ အောင်မြင်မှုတွေ ရှိခဲ့သလို စိန်ခေါ်ချက်တွေလည်း ရင်ဆိုင်နေရကြောင်း၊ ပြည်တွင်းပြည်ပက သံသယရှိသူတွေ ယုံကြည်မှုရအောင် ကြိုးစားနေကြောင်း၊ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခု ဖြစ်လာအောင်၊ တိုင်းရင်းသားတွေ ပါဝင်နိုင်အောင် ဆောင်ရွက်နေကြောင်း၊ အုပ်ချုပ်ရေးဘက်မှာ Rule of Law (ခေါ်) တရားဥပဒေ စိုးမိုးရေး ရှိဖို့လိုကြောင်း စတဲ့အချက်တွေကို ထည့်သွင်း ပြောကြားသွားပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး ဝေဖန်သူတွေရဲ့အမြင်ကို ဦးနေရိန်ကျော်က စုစည်းထားပါတယ်။

0:00 / 0:00