မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့သလို တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ကျင်းပပေးခဲ့ပါတယ်။ ဒါ့အပြင် စာနယ်ဇင်းတွေကို ဆင်ဆာဖြတ်တောက်တာကိုလည်း ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ သည်းခံစိတ်နဲ့ ဆွေးနွေးဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာနေပြီဖြစ်ကြောင်း အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံရေးအရ တရားဝင်မှုတွေ တိုးလာနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံနိုင်ငံရေး တည်ငြိမ်မှုတွေကို အထောက်အကူဖြစ်သလို ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်လာဖို့အတွက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြောင်းလဲမှုတွေအတွက်လည်း လမ်းပွင့်လာခဲ့ကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒေါ်စန်းစန်းတင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်၊
| တင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |