သမ္မတ ဦးသိန်းစိန် အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ

ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေပြီလို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။
2012-07-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-asean-us-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။
AFP

သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ညီလာခံကို တက်ရောက်နေစဉ် အတွင်း အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင် (၂၀၀) လောက်နဲ့ တွေ့ဆုံခဲ့ရာမှာ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကမကထပြု စီစဉ်ခဲ့တာပါ။ ဒီပွဲမှာ ဦးသိန်းစိန်က - မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ဆီ လျှောက်လှမ်းနေသလို ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုလည်း ရှာကြံနေပါတယ်။ မြန်မာနိုင်ငံတွင်းကို ရင်နှီးမြှုပ်နှံမှု အများအပြား ၀င်ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ မိမိတို့ အနေနဲ့ အပြန်အလှန် လေးစားမှုအပေါ် အခြေတည်ပြီး နှစ်ဦးနှစ်ဘက် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ Coca Cola/ Caterpillar/ Goldman Sachs နဲ့ Ford General Motors စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေ ပါဝင် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ အမေရိကန်လုပ်ငန်းရှင် (၇၀) လောက် ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက် လေ့လာကြမှာဖြစ်ပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

albert lim

နေရပ်- USA

very good news for Burma country.

Jul 14, 2012 12:53 AM

iitcm

နေရပ်- Kuala Lumpur

Thank you Mr. President for your kindness on our country, on us and on our future Generation. I do believe that you and your Government want to change our country and its developenment. I and all 60 million people welcome to all foregin investment in our country. We want our country to be developed country in near future.Then we no need to work for other nation, we want to work for our nation ( 60 million people ) and its development. Thank you again Mr.President.

Jul 14, 2012 12:41 AM