သမ္မတ ဦးသိန်းစိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်နဲ့ ကုလသမဂ္ဂ ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ရှိပါတယ်။ မနေ့က ည (၇) နာရီလောက်ကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ သမ္မတ လက်ရှိတည်းခိုနေထိုင်တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ The Mark Hotel မှာ မိနစ် ၂၀ ကြာလောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-09-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-assk-us-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နယူးယောက်မြို့ The Mark Hotel တွင် တွေ့ဆုံစဉ်။
Photo: RFA

ခေါင်းဆောင် ၂ ဦး တိုင်းပြည်တစ်ခုခုကို အတူတူရောက်ရှိနေခိုက် တွေ့ဆုံနှုတ်ဆက်ပြီး အချက်အလက်တချို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက RFA ကိုပြောပါတယ်။

"တစ်နေရာတည်းမှာ ရောက်နေတဲ့ လူကြီး နှစ်ယောက်တွေ့ဆုံတဲ့ သဘောပဲ။ သမ္မတကြီးကို အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က လာပြီးတော့ greet လုပ်တာပေါ့နော်။ အရင်တုန်းကလို မဟုတ်ဘူး။ ကျွန်တော်တို့က အရင်တုန်းက မျက်နှာချင်းဆိုင်တဲ့ အလုပ်မလုပ်ဘူး။ အခုတော့ မောင်နှမလိုပဲ"

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံဖို့တော့ အစီအစဉ်မရှိဘူးလို့ ဦးစိုးသိန်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သမ္မတနဲ့အတူ နယူးယောက်မြို့ကို ရောက်နေတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို အာအက်ဖ်အေ အဖွဲ့သူ မသင်းသီရိက တွေ့ဆုံ မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်