ကမ္ဘာ့အလယ်မှာ ထောက်ခံပေးမယ့် နိုင်ငံမျိုး ဦးသိန်းစိန်အစိုးရ ရှာဖွေ

ဦးသိန်းစိန်အစိုးရဟာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်ဖို့ထက် သူတို့အစိုးရကို ထောက်ခံအားပေးမယ့် ကမ္ဘာ့ အင်အားကြီး နိုင်ငံကို ရှာဖွေနေတာပဲ ဖြစ်တယ်လို့ NLD ခေါင်းဆောင်တဦး ဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

0:00 / 0:00

တကယ်တန်းကျတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့လို ဒေသတွင်းနိုင်ငံရေးနဲ့ ကမ္ဘာ့ နိုင်ငံရေးတွေမှာ တန်းတူရည်တူ ရင်ဘောင်တန်းနိုင်ဖို့ ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ဖို့ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့လည်း ဦးဝင်းတင်က ထောက်ပြပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျွန်မက်ကိန်းရဲ့ မြန်မာနိုင်ငံခရီးစဉ် အပြီးမှာ အခုလို သုံးသပ် ပြောကြားလိုက်တာပါ။

သတင်းစာဆရာကြီး ဦးဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။