ဒုတိယပင်လုံညီလာခံ ခေါ်ယူဖို့ ဦးဝင်းတင်အဆိုပြု

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတာ၊ အုပ်ချုပ်ရေးမှာ လွှတ်တော်တွေ ပေါ်ပေါက်လာတာတွေ ရှိလင့်ကစား အန်အယ်လ်ဒီပါတီက ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းခရီးက ဆက်လက် ရှင်သန်နေမှာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။

0:00 / 0:00

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေအကြား အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းမှာ အဓိက အတားအဆီးတခု ဖြစ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ကြောင်း၊ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူပြီး ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း သူက ထောက်ပြပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်