ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ နယူးယောက်မြို့က မြန်မာတွေ နဲ့ တွေ့ဆုံ

0:00 / 0:00

0:00 / 0:00

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာမနေ့က အမေရိကန်နိင်ငံ နယူးယောက်မြို့မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အခြေအနေများ၊ အစိုးရရဲ့ ကြိုးပမ်းချက်များကို မြန်မာအသိုင်းအဝိုင်း မိသားစုများနဲ့တွေ့ဆုံပြီး ဆွေးနွေးပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးခင်ရီနဲ့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့နဲ့အတူ အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေတို့ ပါဝင်ပါတယ်။

ကိုယ်စားလှယ် အဖွဲ့မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကတော့ အဲဒီအခမ်းအနားကို မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်မင်းက နယူးယောက်မြို့ကို လာရောက်တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းသလို မေးမြန်းစရာရှိတာတွေကိုလည်း မြန်မာမိသားစုတွေဘက်က ပွင့်ပွင့်လင်းလင်းမေးမြန်းဖို့ တိုက်တွန်းပါတယ်။

မြန်မာမိသားစုများကလည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအခြေအနေများ လူမှုရေးနဲ့ စီးပွားရေးအပြင် လူဝင်မှုကြီးကြပ်ရေးကိစ္စများအပြင် တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်ပြီး မေးမြန်းပါတယ်။ ဆွေးနွေးပွဲကို နယူးယောက်မြို့နေ မြန်မာ ၇ဝ ကျော်တက်ရောက်ပါတယ်။

အခမ်းအနားကျင်းပနေစဉ်မှာ ဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ကို ရခိုင်နဲ့ မိတ္ထီလာအရေးအခင်းအပေါ် အစိုးရရဲ့ဖြေရှင်းပုံ မကျေနပ်သူတချို့က အဆောက်အဦးအပြင်ကနေ လာရောက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်မြို့က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသူ ဒေါ်ပြုံးပြုံးရီကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။