စစ်အစိုးရအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ မသွားရောက်ရေး ဆော်သြနေတဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က အခု ဒီလှုပ်ရှားဆော်သြမှုကို အုပ်စုလိုက် ခရီးသွားမဲ့ သူတွေကိုပဲ အဓိကထား ဖိအားပေးမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၄ ရက် မနေ့က ထုတ်ပြန် ကြေညာပါတယ်။
အနောက်နိုင်ငံသား ခရီးလှည့်လည်သူတဦးက ဘုန်းတော်ကြီးများကို ရန်ကုန်မြို့၊ ရွှေတိဂုံစေတီပေါ်တွင် အင်္ဂလိပ်စာ သင်ကြားပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက မြန်မာပြည်အခြေအနေ နိုင်ငံတကာသိအောင် မြန်မာပြည်ကို လာရောက် ကြည့်ရှုသင့်တယ်လို့ ပြောဆိုအပြီး အခုလို Burma Campaign UK အဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အရင်က ကမ္ဘာလှည့် ခရီးသည်တွေကို မြန်မာနိုင်ငံ အလည်အပတ် မသွားဖို့ Burma Campaign UK အဖွဲ့က လှုံ့ဆော်ခဲ့ပါတယ်။ အခုတော့ အပန်းဖြေဖို့နဲ့ စီးပွားရေး သက်သက်သွားကြမဲ့ အုပ်စု ခရီးစဉ်တွေကိုပဲ အဓိက ပစ်မှတ်ထား ကန့်ကွက်မှာ ဖြစ်တယ်လို့ အဖွဲ့ ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
အခုအချိန်မှာ သပိတ်မှောက်ထားတာကြောင့် မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား အုပ်စုလိုက် သွားတာမျိုးတွေလည်း အရမ်းတော့ ရှားပါတယ်။ ရန်ကုန်မြို့ကို ခရီးတထောက်အနေနဲ့ ဝင်တဲ့ အုပ်စုမျိုး နည်းနည်းပါးပါး လောက်ပါပဲ။ ဒီနှစ် နွေရာသီမှာ ဗြိတိန်လူမျိုးတွေ သောင်းနဲ့ချီပြီး စပိန်ကို သွားကြတာမျိုး မြန်မာပြည်မှာ မရှိပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို သွားမဲ့ ခရီးသွားအုပ်စု အသေးလေးတွေကို ဝန်ဆောင်မဲ့ ကုမ္ပဏီတွေကို အဓိကထား စောင့်ကြည့်သွားမယ်။ ပြီးတော့ မြန်မာနိုင်ငံကို ရောက်ရင်လည်း စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ အသိုင်းအဝိုင်းတွေ ပိုင်တဲ့ ဟိုတယ်တွေမှာ မတည်းခိုကြဖို့ တိုက်တွန်းမှာပါ။ နောက်ပြီး ဒီသတင်းကို အခုမှ ရတဲ့အတွက် ဘယ်လို ထိရောက်အောင် ဆောင်ရွက်နိုင်မလဲဆိုတာ လေ့လာနေတုန်းပါပဲလို့ ပြောသွားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က London Times သတင်းစာနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မြန်မာပြည်သူတွေ ခံစားနေရတာကို ကမ္ဘာက သိရှိဖို့အတွက် ကမ္ဘာလှည့်ခရီးသွား တဦးချင်းအနေနဲ့ လာရောက်လည်ပတ်ပြီး ကြည့်ရှုစေလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် မြန်မာပြည် လည်ပတ်ရေးကို လုံးဝ သပိတ်မှောက်တာထက် အုပ်စုလိုက် ခရီးစဉ်တွေကိုပဲ ကန့်ကွက် လှုပ်ရှားမှာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့ ညွန်ကြားရေးမှူး Mark Farmanerက ပြောဆိုပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
အရည်အချင်းပြည့် ကိုယ်စားလှယ်ဖြစ်ရေး ဒေါ်အာင်ဆန်းစုကြည် တိုက်တွန်း
ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို
ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်
တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်
သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို
မှတ်ချက်များ
Click here to add your own comment