မြန်မာပြည်သူတွေ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ချိန် တန်ပြီလို့ UMFCCI ဥက္ကဋ္ဌ ပြော

အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေးအတွက် အခုကြားဖြတ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်အနေနဲ့ ဦးစားပေး ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထင်ရှားတဲ့ မြန်မာ့စီးပွားရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
2012-04-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-win-aung-rfa-b305
မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်ကို RFA က ရန်ကုန်မြို့ UMFCCI ရုံးချုပ်မှာ သီးသန့် သွားရောက် တွေ့ဆုံမေးမြန်းနေစဉ်။
RFA

UMFCCI ခေါ် မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်ကို RFA က ရန်ကုန်မြို့ UMFCCI ရုံးချုပ်မှာ သီးသန့် သွားရောက် တွေ့ဆုံမေးမြန်းရာမှာ သူကအခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးအတွက် လုံလောက်မှု ရှိနေပြီ ဖြစ်ပြီး၊ မြန်မာပြည်သူတွေ ဟာလည်း စီးပွားရေး ပိတ်ဆို့မှုအောက်က ကင်းလွတ်ချိန် တန်ပြီလို့လည်း ဦးဝင်းအောင်က ပြောပါတယ်။

ဦးဝင်းအောင်နဲ့ RFA သီးသန့် တွေ့ဆုံမေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။

တွေ့ဆုံ မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Aung

နေရပ်- N/Dagon

You must be a crony U Win aung, that is why you talking like this.

Sep 07, 2012 09:43 AM

အမည်မဖော်လိုသူ

ဟ စီးပွားရေးပိတ်ဆို.တာ ပြည်သူတွေကို မဟုတ်ဘူးကွ အစိုးရကိုညာစားနေတဲ့ လူတွေကိုပိတ်တာကွ

Apr 07, 2012 07:49 AM