စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

2011-09-28

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။

UN Photo/Jean-Marc Ferré

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré)

" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိုးဆိုတာ ကျနော်တို့ မတွေ့ရသေးပါဘူး။

ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော်တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

ရှေ့လမှာ တင်သွင်းမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာဟာ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒ့ါအပြင် ပြုပြင်ပြောင်းလဲရေး လက်တွေ့လုပ်ဖို့ မြန်မာ အာဏာပိုင်တွေ အတွက်လည်း အစီရင်ခံစာဟာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက သူ့ကို ၂၀၀၈ ခုနှစ်မှာ တာဝန် ပေးအပ်ခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို လေးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော

မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းဖို့ လိုနေဆဲ

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်

အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ

လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး

လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည်

နိုင်ငံရေး အကျဉ်းသားကိစ္စ မြန်မာအစိုးရ အလေးအနက်မထားဟု ဝေဖန်

စစ်မှန်တဲ့ အပြောင်းအလဲအတွက် အခွင့်အခါကောင်းဟု ဗြိတိန် ပြောကြား

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို