သတင်းထောက်တွေအနေနဲ့ ရွေးကောက်ပွဲကာလမှာ စိုးရိမ်ကြောက်ရွံ့စရာမလိုဘဲ လွတ်လွတ်လပ်လပ် ရေး သားခွင့်ရရှိဖို့ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မှာ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး UNESCO တို့ပူးပေါင်းကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မှာ ယူနက်စကို မြန်မာအကြီးအကဲ Sardar Umar ALam က အခုလို တိုက်တွန်း လိုက်တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ သတင်းထောက်တွေ လွတ်လွတ်လပ် လပ် အနှောက်ယှက်မရှိ သတင်းရယူ ရေးသားခွင့် ရရှိဖို့ အစိုးရအနေနဲ့ အထူးဂရုစိုက်ဆောင်ရွက်ပေးစေ လိုကြောင်း Mr. Alam က ပြောပါတယ်။
ဒီအခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့လည်း တက်ရောက်ပြီး စကားပြောကြား ခဲ့ပါတယ်။
