ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း

ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေးကိစ္စတွေကို အဓိကထား လုပ်ဆောင်ဖို့ ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အများက ယုံကြည်မှုရှိအောင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲအောင်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ ပြောဆိုပါတယ်။ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲပြီးနောက် တစ်နှစ်အကြာမှာ မကြုံစဖူး ပြုပြင်ပြောင်းလဲမှုတွေကို အစပြု လုပ်ဆောင်ခဲ့တယ်လို့ သူက ချီးကျူး ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဟာ ငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။