ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆိုလိုက်ပါတယ်။