ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့ အရေး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ချက် အတိုင်း ဆက်လက ်ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရင်ဟတ်က အာအက်ဖ်အေကို ပြောပါတယ်။ ဒီလ အစပိုင်းမှာ မြန်မာအစိုးရကို တိုက်တွန်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ အစိုးရသစ် အနေနဲ့ လိုအပ်နေတယ် ဆိုတဲ့ အချက်ပေါ်မှာ ကုလသမဂ္ဂက ထပ်ပြီး အလေးထား ပြောလိုပါတယ်လို့ သူက ပြောသွားပါတယ်။ အလားတူပဲ မြန်မာ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့နဲ့ နိုင်ငံရေး အရ လှုပ်ရှားခွင့်ပြုဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ကလည်း ပြောသွားပါတယ်။