ဖွဲ့စည်းပုံပြင်ဖို့ တိုင်းရင်းသားတွေ သဘောတူ


2014.12.23
una-conference-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်
Photo: RFA

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ညီလာခံ ဒုတိယနေ့ ဒီနေ့မှာ အခမ်းအနား တက်ရောက်လာသူတွေက၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မှ သာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင် မှာဖြစ်ကြောင်း သဘောထားပေးခဲ့ကြပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ UNA အဖွဲ့ရဲ့ ဒုတိယနေ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောခဲ့တာဖြစ် ပါတယ်။

"အနည်းဆုံးအဆင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့အတွက်ကို နည်းလမ်းတစ်စုံတစ်ရာ ရမယ်လို့ မျှော်လင့်ပါတယ်၊ အဲ့ဒီဖွဲ့စည်းပုံအခြေခံကို မပြင်ဆင်ဘဲနဲ့လဲ ကျနော်တို့မျှော်မှန်းတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုဆိုတာ ဖြစ်နိုင်မယ်မထင်ပါဘူး၊ ဒါပေမယ့် အဲ့ဒီအဆုံးပိုင်းတစ်ခု ရောက်ဖို့ဆိုတာလည်း နည်းလမ်းတွေ၊ အချိန်တွေအများကြီး အသုံးပြုရမယ်လို့ ထင်ပါတယ်"

၂ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတဲ့ UNA ညီလာခံကို မနက်ဖြန်မှာလည်း ဆက်လက်ကျင်းပမှာဖြစ်ပြီး သတင်းစာရှင်း လင်းပွဲလည်း ပြုလုပ်မှာဖြစ်ပါတယ်။

ညီလာခံကို မိတ်ဖက်အဖဲ့ွအစည်းတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့ွအစည်းတွေနဲ့ တခြား လူမှုအဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။