ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး NLD သတ်မှတ်ကြေညာ

0:00 / 0:00

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အချက် ၅ ချက်ပါ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ် လိုက်ကြောင်း ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဒို့ရိုးရာ စားသောက်ဆိုင် မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ဗဟိုကော်မတီ တတိယပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးဉာဏ်ဝင်းက အခုလို ပြောကြားခဲ့တာပါ။

"လုပ်ထုံးလုပ်နည်းအနေနဲ့က (၁) ဒေသခံတွေကို ကိုယ်စားလှယ်လောင်း တင်သွင်းခွင့်ရှိတယ်၊ (၂) အောင်နိုင်ရေး အဖွဲ့များဆောင်ကျဉ်၊ (၃) ရွေးချယ်ရေးအဖွဲ့တွေ ပါမောက္ခ၊ ဆရာဝန်၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အငြိမ်းစားဝန်ထမ်း စုစုပေါင်း ၅ ဦးပါ ဒီအဖွဲ့ဟာ လွတ်လပ်မယ် ဒါပေမဲ့အားလုံးကို ခြုံပြီးတော့ ကိုယ်စားလှယ်လောင်း အတည်ပြုဖို့ဟာ ဗဟိုအလုပ်အမှှုဆောင်အဖွဲ့က အဆုံးအဖြတ်ပေး တာပါ"

ဒါ့အပြင် ကိုယ်စားလှယ်ရွေးချယ်ရာမှာလည်း အရည်အချင်းတူညီသူတွေရှိနေရင် အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်း သားတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့လည်း ပြောပါတယ်။ ၂ ရက်ကြာကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ NLD ပါတီတွင်း စည်းကမ်းထိမ်းသိမ်းရေးကိစ္စ၊ ဗဟိုကော်မတီဝင်တွေရဲ့ လုပ်ငန်းနဲ့ တာဝန်တွေကို တိုးချဲ့ပေးဖို့နဲ့ လစ်လပ်နေတဲ့ အလုပ်အမှုဆောင်ကော်မတီဝင် နေရာတွေကို ပြန်လည် အစားထိုးခန့်အပ်ဖို့ကိစ္စတွေကို ဆွေနွေးခဲ့ကြပါတယ်။

ကိုကျော်ထွန်းနိုင် သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါပြီ။